Myanmar Community Site

Welcome Guest Login or Signup | PUBLIC CHAT ROOMS | PRIVATE VIDEO CHAT | BOOKMARK
 
tomodachi
PROFILE   ဓါတ်ပုံများ   BLOGS   ဧည့်မှတ်တမ်း   သူငယ်ချင်းများ   အကြိုက်ဆုံးများ   ဗီဒီယိုများ  
 


Viewing 1 - 3 out of 3 Blogs.


တုန်လှုပ်ေ ချာက်ချာြး...
Posted On 09/04/2009 03:23:49
သောက - ဒေါသ - မာန်မာနတွေကို
ခဏနားကြည့်
ကိုယ့်အရှိန် ကိုယ်ခဏရပ်ကြည့်တဲ့အခါမှာ
မနေ့တုန်းက ၀မ်းနည်းခဲ့တာ
ဒီနေ့ဒေါသထွက်ခဲ့တာ
မနက်ဖြန်အတွက် ပူပန်နေတာတွေဟာ
ငါ့အတွက်ဘာမှ မဟုတ်တော့ပါ...

လူဆိုတာ ကြွေလွယ်တဲ့သစ်ရွက်တစ်မျိုးပါပဲ
အခုအချိန်အထိ ခရီးသွားဖို့အထုပ်အပိုး
မပြင်ရသေးဘူးဆိုတာ
သတိထားလိုက်မိတဲ့ တခဏ
မနက်ဖြန်ရဲ့ နေမင်းကြီးကို
မတွေ့ရတော့မှာ
ငါ...အရမ်းကြောက်သွားတယ်...

မင်းဘေးမှာ
Posted On 09/04/2009 03:22:53
သူငယ်ချင်းရေ
သောကတွေကြောင့်အိုစာသွားမယ့်အစား
အပြုံးလေးတွေကြောင့်ပိုလှလာပါစေ...

(သူတစ်ပါးရဲ့)အပြစ်တွေကို ခွင့်လွှတ်လိုက်ပါ
ဘ၀တိုတိုလေးမှာ စိတ်ချမ်းသာဖို့လိုပါတယ်
ဒုက္ခ ရောက်ရတဲ့အချိန်တွေမှာ
အားမငယ်ပါနဲ့...

မင်းအရှေ့မှာရော နောက်မှာပါ
ဘယ်သူမှ မရှိတော့ရင်တောင်
မင်းဘေးမှာ ငါထာဝရရှိနေမှာ...

ဒါကြောင့်
ငါ အသက်ရှင်နေသေးသရွေ့
အထီးကျန်တယ်လို့များ မညည်းလိုက်ပါနဲ့...

သတိရခြင်းဆိုတာ
Posted On 09/04/2009 03:20:30
သတိရခြင်းဆိုတာ
လွတ်လပ်တယ်
တိကျ သေချာတယ်
သိုဝှက် ဟန်ဆောင်မှုကင်းတယ်
ကျယ်ဝန်းတယ် နက်ရှိုင်းတယ်
လုံခြုံတယ်
အချက်အလက် ပြည့်စုံတယ်
ဒါပေမယ့်...
အထီးကျန်ဆန်တယ်
ဝမ်းနည်းစရာ ကောင်းတယ်
မရေရာတဲ့ မျှော်လင့်ချက်တွေ ရှိတတ်တယ်
အဆိုးဆုံးကတော့တစ်ဖက်သတ်ဆန်တယ်...




Copyright © 2008 MyanmarSpace.com. All rights reserved.