Myanmar Community Site

Welcome Guest Login or Signup | PUBLIC CHAT ROOMS | PRIVATE VIDEO CHAT | BOOKMARK
 
htayhtayaung08
PROFILE   ဓါတ်ပုံများ   BLOGS   ဧည့်မှတ်တမ်း   သူငယ်ချင်းများ   အကြိုက်ဆုံးများ   ဗီဒီယိုများ  
 


Viewing 1 - 9 out of 215 Blogs.


Page:  1 | 2 | 3 | 4 | 5 | Next >  Last >>


သကာ ချစ်တဲ့ ငါ
Posted On 12/29/2009 23:31:35

သကာ ချစ်တဲ့ငါ

 

ခွန်းချို နှုတ်ဖျား

တစ်ခွန်းဆို စကား

နားမှာမခါး

ပျားသကာ အလား

ရင်မှာ မင်းကို ချစ်သတဲ့ ။

ပြောဆို နှုတ်လျှာ

ခွန်းဆင့် လာတယ်

နားမှာချိုဝင်

ပီတိရွှင်လျှက်

ရင် မှာ အစဉ် တွယ်တာလျှက်။

တီတီတာတာ

မပီကလာ နဲ့ 

နှုတ် မှ ဖေါ်ထုတ်

ရွှေ ဘ၀င်ငြိမ့်အောင်

မေ့မရ သက်ဆုံး

မမုန်းတမ်း ချစ်မတဲ။့

နှစ်ထောင့်ကိုးလည်း

နှစ်ဆုံးလေပြီ

နှစ်ထောင့်တစ်ဆယ်

ရောက်လာလေလည်း

ဒီ အပြောချို

ပြောလာ သူလေး

အပြောကောင်းဆဲ

တွယ်တာဆဲဆို

ချစ်ခွန်းဆင့်လို့ 

တွယ်ငြိ လိုက်မယ်

မင်းလည်းမပြစ်နဲ့ 

ငါ လည်းပြစ်ဘူး

ထာဝရ ကွယ်

သကာ လောင်းလျှက်

ချစ်ကြမပေါ့။

 

ဆူး ( ၂၉-၁၂-၂၀၀၉ )၂၂း၃၀ နာရီ

 

Tags: ကဗျာ


မြှုံး မိတဲ့ငါ
Posted On 12/29/2009 23:28:05

မြှုံးမိတဲ့ ငါ

ချစ်ခြင်း အစ
မျက်စိ ကဆို
ရှိခဲ့ စကား
ငါ လည်း အတွေ့ 
မမေ့ခဲ့ ဘဲ
တမ်းတ လျှက်သာ
ရင် မှာရိုက်ခတ်
လွမ်းလျှက်သာဘဲ။
မချစ်ဘူးတဲ့
မင်းနှုတ် လျှာဖျား
ပြောခဲ့ ငြားလည်း
ငါ လေ အကြား
မနာနိုင်ဘဲ
တွေ့ လျှက်သာလေ
ရင် မှာနင့်လျှက်
ချစ်လျှက်သာဘဲ။
တွေ့  လျှင် နှုတ်ဆက်
ပြုံးလျှက်သာလေ
ပြန်လာခေါ်တော့
ချစ်တဲ့ ငါ က
မရုန်းနိုင်ဘဲ
တူယှဉ်တွဲလျှက်
သွားလျှက်သာလေ
ရင်မှာပျော်လျှက်
လျှောက်လျှက်သာဘဲ။
ပြောရက်တယ်နော်
ငါ မချစ်ဘဲ
မင်း ကိုတွဲတာ
ငါ ချစ်တဲ့ သူ
မနာလို စိတ်
ဖြစ် စေချင်သတဲ့
သြော်…ခရီးဆုံးတော့
ငါ့ မျှော်လင့်ချက်
ပျောက်ဆုံးသွားပြီ
ခု တော့သိပြီ
ငါ ဟာ…မိန်းမ တစ်ယောက်
မာယာ တောက
ကစားခံခဲ့ ရသူတစ်ဦး။


ဆူး ( ၂၉-၁၂-၂၀၀၉ ) ၂၁း၂၅ နာရီ

Tags: ကဗျာ


highflyer သို့  မွေးနေ့  အမှတ်တရ
Posted On 12/29/2009 20:02:50

“ highflyer  သို့  မွေးနေ့  အမှတ်တရ“

 

ဟေမန္တ ဆောင်း

နှင်းရည် လောင်းလျှက်

မြောက်လေ ချိုသွေး

ခွာညို သင်းပျံ့ 

သဇင် ရနံ့  များ

သင်းထုံ ပွင့်အာ

ရှိသောလ တွင်

မွေးဖွားခဲ့တဲ့

Highflyer ၏

ယနေ့  ပြည့်မြှောက်

မွေးနေ့ မှသည်

လေ ၀ယ် လွင့်ပျံ

သင့် တေးသံ များ

အမှောင်ခွင်းလျှက်

လစန္ဒာ ပမာ

အလင်းဖြာလို့ 

ကြယ်တစ်ပွင့်လို

တောက်ပစေသား

ဆုချွေခဲ့ပြီ

အောင်မြင်မှု့  သရဖူလေး

ဆောင်းနိုင်ပါစေ။

ဆူး ( ၁၈-၁၂-၂၀၀၉ )၂၂း၃၀ နာရီ

 

 

Tags: ကဗျာ


အပြုံး
Posted On 12/22/2009 22:10:17

“ အပြုံး “

 

မင်းပြုံးခဲ့ တဲ့

နှုတ်ခမ်းပေါ်က

ချို မြ တဲ့ အပြုံး

သိပ်လှ သမို့ 

ငါလေ နှစ်မြို့

ရူး မလောက် အောင်ချစ်ခဲ့ ။

မင်းကို သတိရပါတယ်ဆိုမှ

မင်း နဲ့ ဆုံတွေ့ 

အတူမက်ခဲ့ ဘူးတဲ့  အိပ်မက်

ငါ့ ကိုလေ ခြောက်လှန့် 

အရိပ်လို ကပ်လိုက်

နေ့ တိုင်းနော် မက်နေမိ။

မင်းနဲ့  နီးမယ် ဆိုတော့

ငါ့ရင် တွေ တလှပ်လှပ်

သတိရ စရာ ရာထောင်

ခေါင်းထဲ အတွေးထဲ

မင်းဘဲ မကြာ မကြာရောက်နေသမို့ 

ဟုတ် မှ ဟုတ်ရဲ့ လားလို့ ဖြစ်နေမိ

အသားကို စိတ်ကြည့်

တကယ်တမ်းကြတော့

မင်း ရဲ့ လှပတဲ့ အပြုံး

ငါ ရဲ့  သတိရခြင်း

နီးမယ် ဆိုမှု့ တွေက

အိပ်မက် …အိပ်မက်…အိပ်မက် ပါလား

မင်း ကတော့…အနိုင်ရသူပမာ

အပြုံး တွေ နဲ့  ပြုံး လျှက် အတွေ့ 

ဒါ…မင်း ယောကျာ်း တစ်ယောက်ကို

လှည့်စားရက်တဲ့

မာယာ အပြုံးတွေ ပေါ့နော်…။

 

ဆူး ( ၂၁-၁၂-၂၀၀၉ )၂၂း၃၀ နာရီ

 

Tags: ကဗျာ


ကဗျာ ထဲမှာ မွေ့လျော်စ ရာ
Posted On 12/22/2009 00:16:30

“ ကဗျာထဲ မွေ့ လျော်စရာ ”

 

ကဗျာစာလုံး

ပန်းကုံးပမာ

တစ်လုံးချင်းနဲ့ 

စကားတွေစု

ပမာပြုလို့ 

လွှမ်ထုံရစ်စွာ

ရတနာပမာ

တမြတ်တနိုး

ဆင်မြန်းနေလျှက်

စင့်ကာ သီကုံး

ရေးဖွဲ့  ထုံးရင်း

ကဗျာတောထဲ

မွေ့ လျော် ရင်းက

ကဗျာ…ကဗျာ

အို…ကဗျာ…။

တကယ်တော့လေ

ကဗျာ ဆိုတာ…

လူသား တို့ ရဲ့ 

မွေ့ ပျော်စရာ။

 

ဆူး ( ၂၀-၁၂-၂၀၀၉ ) ၂၃း၂၀ နာရီ

 

 

Tags: ကဗျာ


တရက်ထဲမှာ
Posted On 12/22/2009 00:14:08

“ တရက်ထဲမှာ “

 

တစ်ရက်ထဲမှာ

Myanmar space ထဲ…ငါ

ကဗျာတွေရေး

စာတွေရေး၏

တစ်ရက်ထဲမှာ

Myanmar space ထဲ…ငါ

ကဗျာတွေဖတ်

စာတွေ မှတ်၏

တစ်ရက်ထဲမှာ

Myanmar space ထဲ…ငါ

အမျိုးစုံအောင်

ကိတ် တွေလည်းစား

အဧ လည်းသောက်

တစ်ရက်ထဲမှာ

Myanmar space ထဲ…ငါ

ကော်ဖီလည်းသောက်

အသီး တွေစား

တစ်ရက်ထဲမှာ

Myanmar space ထဲ…ငါ

ပစ္စည်းတွေလည်း

လက်ဆောင်ရလိုက်

ပြန်ပေးလိုက်နဲ့ 

တစ်ရက်ထဲမှာ

Myanmar space ထဲ…ငါ

ပန်းအိုးတွေ နဲ့ 

ပန်းပွင့်တွေကို

လက်ဆောင်ပေးပေါ့

တစ်ရက်ထဲမှာ

Myanmar space ထဲ…ငါ

နံနက်မိုးသောက်

အလင်းရောက်က

Good morning လိုက်

တစ်ရက်ထဲမှာ

Myanmar space ထဲ…ငါ

ညနေ ဆည်းဆာ

ချိန်ခါရောက်က

Good night ခဲ့ပေါ့

တစ်ရက်ထဲမှာ

Myanmar space ထဲ…ငါ

Miss you လုပ်လိုက်

Comment ရေးလိုက်

တစ်ရက်ထဲမှာ

Myanmar space ထဲ…ငါ

အပြန်အလှန်

စကားတွေ ပြောလိုက်

Mail-send လိုက်နဲ့ 

တစ်ရက်ထဲမှာ

Myanmar space ထဲ…ငါ

ပျော်ပျော်ရွှင်ရွှင်

ရှိနေရင်းဘဲ

Myanmar space ထဲ…ငါ

ပျော်မွေ့နေရင်း

ကြည်နူးရင်းဘဲ

တစ်ရက် မတော့

Myanmar space ထဲ…ငါ

မရောက်လိုက်ဘဲ

Connection မရ

ဘာမရမို့ 

စိတ်လက်ပျက်စွာ

လွမ်းရက်ကြာရှည်….လွန်းခဲ့ ပါရဲ့ ။

 

 

ဆူး ၂၀-၁၂-၂၀၀၉ ( ၂၃ နာရီ )

 

Tags: ကဗျာ


အထီးကျန်
Posted On 12/19/2009 01:22:19

 

“  အထီးကျန် “

 

တစ်ယောက်တည်း

ယောင် ချာချာနဲ့ 

ဟိုဟာ ကောင်းနိုး

ဒီဟာ လုပ်ရနိုး

တနိုးနိုးဘဲ

ငါလေ ငုတ်တုပ်။

တစ်ယောက်တည်းလေ

အူကြောင်ကြောင်နဲ့ 

ဟိုဟာ စားမလို

ဒီဟာ ၀ါးမလို

ဂေါင်းတခါခါ ဘဲ

အထီးကျန်ဘ၀။

ဘယ်သူ မှ ကယ်တင်

ဆယ်ယူ ပေးပါနဲ့ 

ဘယ်သူ့ ကိုမှ မမျှော်ကိုးဘူး

ကိုယ်တိုင် ကမ်းလှမ်း

ကြိုဆို ဘို့ ဆို သာလွန်ဝေးပေါ့

ဒီဘ၀ ဒီလိုလေးဘဲ

ငုတ်တုပ်နေရင်း

ငါ လေ အထီးကျန်။

ဆူး ( ၁၅-၁၂-၂၀၀၉)၂၂း၁၅ နာရီ

 

Tags: ကဗျာ


ဒေါသ
Posted On 12/19/2009 01:20:57

“ ဒေါသ ”

 

မြင်တခဏ

မကြည်လင်က

စိတ်တိုတတ်စွာ

ဒေါသ အလွယ် မဖြစ်စေနဲ။့

ရင်မှာဒေါသ..

မောဟ တွက်နဲ့ 

သောက မဖက်တတ်ပါစေနဲ့ ။

ဒေါသ ကင်းစင်

စိတ်ကြည်လင်

ရင်ဝယ် ချမ်းမြေ့ စေတတ်၏။

ဒေါသ မရှိ

မောဟ ပျက်ပြယ်

သောက ကွယ်လိမ့်။

ဒေါသ ကင်းသူ

ဇမ္ဗူ တလူ

မျက်နှာချိုမြ

သူတို့  လှကြ။

ဆူး ( ၁၆-၁၂-၂၀၀၉ ) ၂၄း နာ၇ီ

Tags: ကဗျာ


ကြင်နာတတ်သူ
Posted On 12/17/2009 22:40:30

“  ကြင်နာတတ်သူ ”

 

ငယ်စဉ်ကပင်

အကြင်နာမိုး

ယုယတေးနဲ့

ပိုက်ထွေးတတ်ခဲ့

ဂရုဏာရ နံ့ 

သင်းထုံပျံ့ လျှက်

စေတနာဖက်

မေတ္တာယှက်တတ်

အရွယ်ရောက်ကာ

လူလားမြောက်တော့

ရင်မှာအစဉ်သာ

မေတ္တာတွေ ဖက်

ကြင်နာစိတ်က

အမြဲလန်းလျှက်

မေတ္တာဂရုဏာ

မုဒိတာနဲ့ 

အားလုံးကိုလေ

အကြင်နာပန်း

ထာဝစဉ် လန်းကာ

မညိုးပန်းပမာ

ရှိနေစွာနှင့်

အစဉ်သာလျှင်

မေတ္တာဆင်းလျှက်

ကြင် နာတတ်သူ

ဆူး ( ၁၅-၁၂-၂၀၀၉ ) ၂၃း၁၀ နာရီ

Tags: ကဗျာ




Page:  1 | 2 | 3 | 4 | 5 | Next >  Last >>



Copyright © 2008 MyanmarSpace.com. All rights reserved.