ငြိမ်းချမ်းသောနိဗ္ဗာန်၏ တည်နေရာ

သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောကဟူ၍ လောက ၃ ပါးရှိကြောင်း ဗုဒ္ဓဘာသာဝင် အများစု သိရှိထားပြီး ဖြစ်ပါသည်။
သတ္တလောကသည် သက်ရှိသတ္တ၀ါများကို ရည်ညွှန်းပါသည်။ သြကာသလောကသည် ထိုသတ္တ၀ါများ နေထိုင်ရာ ၃၁ ဘုံ၊ ရေ မြေ
တော တောင် ကောင်းကင် ပင်လယ်သမုဒ္ဒရာများဖြစ်ပြီး၊ သင်္ခါရလောကမှာ သက်ရှိ သက်မဲ့ အားလုံးသော သတ္တလောကနှင့် သြကာသလောကတို့
အစဉ်ဖြစ်ပျက်ပြောင်းလဲနေမှုကို ဆိုလိုပါသည်။ အကယ်စင်စစ် လောက ၃ ပါးစလုံးသည် ရုပ်နာမ်ခန္ဓာတို့၏ တည်နေရာ၊ ရုပ်နာမ်ခန္ဓာတို့၏ ဖြစ်ပျက်ပြောင်းလဲနေမှု
အစုစုတို့ကို ကိုယ်စားပြုထားခြင်းဟု ဆိုရပါမည်။ ထို့ကြောင့် ရုပ်ဓါတ်နာမ်ဓါတ်များ ကင်းဆိတ်သည့် နိဗ္ဗာန်သည် လောက ၃ ပါးစလုံးတွင် အကျုံးမ၀င်။
တနည်းဆိုရသော် လောက ၃ ပါးအတွင်းတွင် မရှိဟု ဆိုရပါမည်။ သို့ဆိုလျှင် နိဗ္ဗာန်သည် မည်သည့် [...]

ကိုယ်ရည်းစားကျွေးတိုင်း…မစားကြပါနှင့်…သတိရှိကြပါ။

စိတ်ထဲမှာ ပြောချင်လာလို့ ရေးလိုက်ပါတယ်….သိပြီးသားလည်း ဖြစ်ချင်ဖြစ်မှာပါ….
မသိသေးရင်တော….့ ကိုယ့် အမတွေ.. ညီမလေးတွေအတွက် တန်ဘိုးရှိမှာပါ…
ညီလေးတွေ ..အကိုတွေလည်း မိမိရဲ့ အသိုင်းအ၀ိုင်းအတွက် သိထားသင့်ပါတယ်….
ကိုယ့်ရည်းစားလို့ ခေါင်းစဉ်တပ်ထားပေမယ့်…ဘယ်သူကျွေးကျွေး မစားမိပါစေနဲ့ ……
ခုခေတ်မှာဆေးဝါးတွေက အမျိုးမျိုးထွက်နေတယ်…
အထူးသဖြင့်တော့ လိင်ကိစ္စ္စ နဲ့ ပက်သက်တာတွေပေါ့ ….
မိန်းကလေး အများစုကတော့ သိမယ်မထင်ပါဘူး….
ကိုယ်လည်း ယောက်ျားလေးတစ်ယောက်ပါပဲ…
ဒါပေမယ့် အဲဒီလို လုပ်တာကို မကြိုက်တဲ့သူပေါ့ …
စာသိပ်မရေးတတ်လို့  ရေးတတ်သလိုပဲရေးလိုက်တယ်…
ရိုင်းရင်တော့ ခွင့်လွှတ် နားလည်ပေးပါနော်…..
ပီကေ ( chewing gum )

ဒါက လူတွေစားနေတဲ့ သာမာန်ရိုးရိုး ပီကေပါ…တွေ့ ဘူးမယ်ထင်ပါတယ်……
အတွင်းမှာ ဒီလို ပုံစံရှိပါတယ်…..

ဒီပုံစံကို ပို့ လိုက်တာက ဖျက်ဆီးတဲ့ဆေးဝါးကလည်း ဒီအတိုင်း တထပ်တည်းတူလို့  မြင်ဘူးအောင်ပို့ လိုက်တာပါ….
ဖျက်စီးတဲ့ဆေးကို ၀ယ်ပြီး ပြချင်ပေမယ့် ဈေးကြီးတဲ့အတွက် မ၀ယ်တာပါ…
တစ်ခဲကို ၁၀၀၀ကျပ်လေ…တစ်ကဒ်ဆိုတော့ ၉၀၀၀ [...]