ဗုဒ္ဓတရားတော်များ

ပညာရှိတို့ သည်…
ကုသိုလ်ကောင်းမှုတို့၌…
မမေ့မလျော့မှုကို ချီးမွမ်းကြကုန်၏…
ပညာရှိသည်…
မမေ့မလျော့ သည်ဖြစ်၍…
အကျိုးနှစ်ပါးတို့ကို ယူနိုင်၏…
မျက်မှောက်အကျိုး…
တမလွန်အကျိုးဟူသော…
အကျိုးနှစ်ပါးတို့ကို ရခြင်းကြောင့်…
ပညာရှိကို ပဏ္ဍိတဟူ၍ ဆိုအပ်၏…။
မိတ်ဆွေကောင်းရှိသူ ရဟန်းသည် …
တုပ်ဝပ်ခြင်း ရှိ၏…
ရိုသေခြင်း ရှိ၏…
မိတ်ဆွေကောင်းတို့၏ စကားကို …
လိုက်နာ ပြုကျင့်၏…
ပညာ အဆင်အခြင် ရှိ၏…
သတိ အမြဲပြု၏…
ထိုရဟန်းသည် ဝိပဿနာ အစဉ်အားဖြင့်
သံယောဇဉ် အားလုံးတို့၏ ကုန်ရာ …
နိဗ္ဗာန်သို့ ရောက်နိုင်၏…။
ငါ့သျှင်တို့..
ဒုက္ခဖြစ်သော အရိယသစ္စာ ဟူသည်…
ဖြစ်ပွါးခြင်း’ဇာတိ’သည်လည်း ဒုက္ခတည်း၊
အိုမင်းခြင်း ‘ဇရာ’သည်လည်း ဒုက္ခတည်း၊
သေခြင်း ‘မရဏ’သည်လည်း ဒုက္ခတည်း၊
ပူဆွေးခြင်း ‘သောက’
ငိုကြွေးခြင်း ‘ပရိဒေဝ’
ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’
စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’
ပြင်းစွာ ပင်ပန်းခြင်း ‘ဥပါယာသ’
တို့သည်လည်း ဒုက္ခတို့တည်း၊
အလိုရှိသော အရာကို
မရခြင်းသည်လည်း ဒုက္ခတည်း၊
အကျဉ်းအားဖြင့် စွဲယူအပ်သော
ခန္ဓာငါးပါးတို့သည်လည်း ဒုက္ခတို့တည်း…
ကုသိုလ်တရား အားလုံးတို့သည်…
လေးပါးသော အရိယသစ္စာတို့၌ …
အကျဉ်းချုံးခြင်းသို့ ရောက်ကုန်၏။ …
ဒုက္ခဖြစ်သော အရိယသစ္စာ၊ …
ဒုက္ခဖြစ်ကြောင်း ဖြစ်သော အရိယသစ္စာ…
ဒုက္ခချုပ်ရာ ဖြစ်သော အရိယသစ္စာ၊…
ဒုက္ခချုပ်ရာသို့ ရောက်ကြောင်း …
အကျင့် [...]

Hello world!

မင်္ဂလာပါ။ MYanmarspace Blogs မှ ကြိုဆိုပါတယ်။ သင်၏ ပထမဆုံးသော နမူနာ Post ဖြစ်ပါတယ်။ Edit သို့မဟုတ် Delete လုပ်၍ စတင်အသုံးပြုနိုင်ပါတယ်။