ရွာအဝင်စခန်းအစ
မြေနီလမ်းအလှနဲ့
ခင်တန်းတောအဝမှာ
ဘဝင်နွမ်းသမျှပြေရအောင်
ပင်ကျရေဆိုအငမ်းမရနဲ့
ထန်းဖိုထန်းမ နေတစ်ဖျားကျော်
ချိုခါးပျင်းသော်မှ
အကိုများခံတွင်းတော်က
ချိုစကားအဆင်းတော်လှလို့
အပိုကြွားရင်းငယ်ကျိုးတွေဖေါ်ကြတယ်
ဒို့များခေါတ်ကဘယ်သို့ရယ်
နှင်းဆီခိုင်ပေါ့ဆိုလို့ကွယ်
အားကျလို့ယုံမှတ်
အာစရိအစုံကြုံပြီအမှတ်နဲ့
အကြိုက်တော်ဆက်ကာရယ်
အမြူမပျက်အောင်တစ်ကယ်
လျှာရင်းလဲအေးစေဘွယ်
သဒ္ဒါခင်းလို့လမ်းထွင်တယ်
ပဏာဆင့်လို့ငြန်းဆင်မယ်
ပီရဆေးများရှိရင်တစ်ကယ်
ဝေမျှပေးစေလိုလို့ရွယ်
မျက်နှာချိုသွေးကာခွန်းဆိုမှ
ပြုစုသမျှမထောက်မထား
တစ်ယောက်ဆိုစကားက
ငါ့ညီမင်းမှားမတဲ့
သူ့အသက်အရွယ်က
ထနှောင်းတစ်ညိုခေါ်လို့
သုံးဆယ်ကျော်တောင်
စိတ်ကူးတွေစလယ်ဝင်နဲ့
အဖြစ်လေးရယ်ကနဲ
အတွေးတွေထဲ
ချာချာလည်နေခဲ့လို့
လူတစ်ကာတွေမေးငေါ့ကာ
ယောင်ခြောက်ဆယ်ခေါ်
သူ့အတွေးနဲ့သူပျော်နေတာကို
အပြစ်တွေးကာမြင်နေကြလို့
အမေကသူ့ကိုအစွံထုတ်မှ
သူ့အိမ်သူနဲ့ညားသတဲ့နော်..
သြ…..ငါ့အဖြစ်နှယ်
ယုန်အလိုက်မှားပေါ့
ငုံလျှက်သားနဲ့ ပုံပျက်သွားတာကို
အိနြေ္ဓဆယ်ရင်း နင်နေမှ
ထန်းသူကြီးကိုခေါ်
ဒီတစ်ခွက် တစ်ကယ်အခါးပျယ်လို့
အမြည်းတွေအကုန်ဖယ်ကာ
ပဲကြီးလှော်နဲ့ လဲခိုင်းမှတော်မယ်နော်..
No related posts.
Related posts brought to you by Yet Another Related Posts Plugin.
Related Articles
1 user responded in this post
ပဲကြီး လှော် နဲ့  လဲတာ….ဒီခေတ် မှာ ရှိသေးလား မောင်လေး
မသိလို့  မေးပါရစေလေ
Leave A Reply
Please Note: Comment moderation maybe active so there is no need to resubmit your comments