မဟာစည်ဆရာတော်နှင့် နတ်ပြည်မှနတ်မင်းတို့တရားဆွေးနွေးပုံကိုနားဆင်ကြပါ။

March 10th, 2010 by ukok44

MaharsiSayadaw
မနာလိုကင်း၊ ၀န်တိုရှင်း၊ လက်ငင်းချမ်းသာမည်…
မဟာစည်ဆရာတော်နှင့် နတ်ပြည်မှနတ်မင်းတို့တရားဆွေးနွေးပုံကိုနားဆင်ကြပါ။
မြန်မာနိုင်ငံမှာ နေလိုလလိုထင်ရှားတဲ့ဆရာတော်တစ်ပါးဖြစ်တဲ့ မဟာစည်ဆရာတော်ဘုရားကြီးလက်ထက် ၁၉၅၂ ခုနှစ်မှာ ရိပ်သာမှာ တရားလာအားထုတ်တဲ့ ရသေ့မလေးတစ်ပါးဟာ ရိပ်သာရောက်ပြီး ၁၀
ရက်အကြာမှာ သူများနားမလည်တဲ့စကားတွေပြောနေသံ ကြားရတာကြောင့် သူ့ကို ဆရာတော်ကြီးဆီကို ခေါ်သွားကြပါတယ်။ ဆရာတော်ကြီးနဲ့တွေ့တော့ သူဟာ နတ်ပြည်က
နတ်မင်းတစ်ပါးဖြစ်ကြောင်းနဲ့ ဆရာတော်ကြီးနဲ့တရားစကားဆွေးနွေးလိုကြောင်းတို့ကို ပါဠိဘာသာနဲ့လျှောက်ကြားပါတယ်။
ဆရာတော်ကလည်း နောက်တစ်နေ့ညမှာ ဆွေးနွေးကြမယ်လို့
ချိန်းဆိုလိုက်ပါတယ်။
နောက်တစ်နေ့ရောက်လို့ အချိန်ကျတော့ ရသေ့မလေးပါးစပ်က
ပါဠိစကားသံတွေထွက်လာပြီး
ဆရာတော်နဲ့ နိမ္မာနရတိနတ်ပြည်က နတ်သားတစ်ပါးတို့ (ရသေ့မလေးကိုကြားခံပြီး)
အမေးအဖြေလုပ်ကြပါတယ်။ ဒီ စကားဝိုင်းကို ဆရာတော်ရဲ့တကာတွေက အသံဖမ်းယူထားပြီး
မြန်မာဘာသာပြန်လို့ မြန်မာ့အသံကနေ တစ်နိုင်ငံလုံးကို
ထုတ်လွှင့်ဖို့ပြင်နေတုန်း သတင်းစာဆရာတစ်ယောက်က
“နတ်နဲ့လူနဲ့ စကားပြောတာဟာ ယုံတမ်းစကားပဲ။ မဖြစ်နိုင်ဘူးလို့”
ဝေဖန်လိုက်ပါတယ်တဲ့။
ဒါနဲ့ပဲ ဆရာတော်ကြီးက အဲဒီအချိန်က ၀န်ကြီးချုပ်ဖြစ်တဲ့ ဦးနုကိုခေါ်ပြီး
မလွှင့်နဲ့တော့လို့ တားလိုက်ပါတယ်။ အကြောင်းကတော့ ဒီအသံကိုလွှင့်ခြင်းဖြင့်
အကျိုးရှိသူတွေရှိနိုင်သလို အကျိုးမရှိသူတွေလည်း ရှိနိုင်တယ်လို့
ယူဆလို့ပါတဲ့။
မြန်မာ့အသံကနေ အသံမလွှင့်နိုင်ခဲ့ပေမယ့် အသံဖမ်းထားတဲ့ ဒီတိပ်ခွေကို
လက်ဆင့်ကမ်းထိန်းသိမ်းထားသူတွေရှိတာကြောင့် အခု ဒီဂျစ်တယ်ခေတ်မှာ ပြန်လည်နာကြားခွင့်ရကြပါတယ်။
ဒီ [...]

[အပြည့်အစုံသို့ ...]

မိတ်ဆွေစစ် နဲ့  မိတ်ဆွေတု

March 10th, 2010 by ukok44

_db_6F71DDBE-3CD2-4040-B949-B7CD41589DA7_thumb-12
မိတ်ဆွေစစ်ဆိုတာ …….
(၁) ပေးနိုင်ခဲတဲ့ပစ္စည်းကို ပေးတယ် ။
(၂) ပြုနိုင်ခဲတဲ့အမှုကိစ္စကို ပြုလုပ်ဆောင်ရွက်ပေးတယ် ။
(၃) သည်းခံနိုင်ခဲတဲ့အမှုကို သည်းခံတယ် ။
(၄) သူ့ရဲ့လျှို့ဝှက်ချက်ကို ဖွင့်ပြောတယ် တိုင်ပင်တယ် ။
(၅) မိမိလျှို့ဝှက်ချက်ကို အခြားသူအား မပြောဘဲ လျှို့ဝှက်ထားတယ် ။
(၆) ဘေးအန္တရာယ်ကြုံလာတဲ့အခါ မိမိကို မစွန့်ခွာဘူး ။
(၇) ဥစ္စာကုန်ခန်းတဲ့အခါ ဆင်းရဲတဲ့အခါ မိမိကိုမထီမဲ့မြင် မပြုဘူး ။
မိတ်ဆွေအတုအယောင် လေးယောက်
(၁) မိမိထံမှပစ္စည်းငွေကြေးကို ယူပဲ ယူတတ်သူ ၊ ပြန်မပေးတတ်သူ ။
(၂) လက်တွေ့မပါ စကားနဲ့ပဲ ပေးတတ်သူ ။
(၃) မှန်မှန် မှားမှား အကြိုက်ကိုပဲ လိုက်ပြီးပြောတတ်သူ ။
(၄) ဘ၀ပျက်စီးကြောင်းတွင် အပေါင်းအသင်းဖြစ်သူ ။
(၁) ယူပဲယူတတ်တဲ့ မိတ်ဆွေရဲ့သဘောသဘာဝမှာ ….
မိမိကိုနည်းနည်းပေးပြီး မိမိဆီက များများပြန်ရချင်တယ် ။
သူ့အတွက်ဘေးဒုက္ခရောက်မှ ကိုယ့်ကိုသတိရတတ်တယ် [...]

[အပြည့်အစုံသို့ ...]

မြတ်ဗုဒ္ဓ၏ဖြစ်တော်စဉ်နှင့်ဗုဒ္ဓဘာသာဝင်တိုင်းသိရှိသင့်သောဗုဒ္ဓသာသနာအနှစ်ချုပ်

March 10th, 2010 by ukok44

buddha3jz4
ဗုဒ္ဓ၀င်အကျဉ်း
(က) ရသေ့ဖြစ်ခြင်း
သုမေဓာရှင်ရသေ့ဘ၀မရောက်မီ ဘုရားအလောင်းတော်၏ မိဘနှစ်ပါး လွန်စွာပစ္စည်းဥစ္စာချမ်းသာပေမဲ့ ၄င်းမိဘနှစ်ပါးသေဆုံးသည့်အခါ ပစ္စည်းဥစ္စာများ ဘာမျှယူမသွားနိုင်သောကြောင့် လူတွေမှ သေဆုံးလို့ ဘာမျှ ပါမသွားနိုင်တာရှိလျှင် သေဆုံးပြီးပါအောင် ယူသွားနိုင်တာ ရှိကိုရှိရမယ်လို့ တွေးမိပြီး ပစ္စည်းဥစ္စာ အားလုံး စွန့်လွှတ်လှူဒါန်းပြီး ရသေ့ဘ၀ပြောင်း တရားကျင့်ခဲ့သည်။
(ခ) ဆန္ဒာဓိပတိ
ဘုရားအလောင်း သုမေဓာသည် ဒီပင်္ကရာဘုရားရှင်နှင့် တွေ့ပြီး နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ပေမဲ့ ဒီပင်္ကရာ ဘုရားရှင်ကဲ့သို့ သတ္တ၀ါများအား လမ်းညွှန် (ကယ်တင်) လိုသော ဆန္ဒာဓိပတိကြောင့်သာလျှင် ဘုရားဆုပန် လေသည်။ (ကိုယ့်အတွက်မကြည့်၊ အများအကျိုးအတွက်သာ ဆောင်ရွက်လိုသော ဆန္ဒာဓိပတိသည် အမြင့်မြတ်ဆုံးသော ကျေးဇူးတော်ဖြစ်ပေသည်။)
(ဂ) ဗျာဒိတ်ယူခြင်း
ယခုမျက်မှောက်နေဆဲ ကမ္ဘာမတိုင်မီ အရှေ့လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းအစ ဒီပင်္ကရာဘုရားရှင်၏ ခြေတော်ရင်း၌ သုမေဓာရှင်ရသေ့ဘ၀မှစပြီး ဘုရားဆုပန် ဗျာဒိတ်ယူခဲ့သည်။ (တစ်ကမ္ဘာသည် မရေတွက်နိုင် အောင်ကြာလှပြီး အသင်္ချေတစ်ခုသည် တစ်၏နောက်မှ [...]

[အပြည့်အစုံသို့ ...]

ကဗျာဆရာမောင်သင်းခိုင်၏ကဗျာသဘောတရားများ(မေး-ဖြေဆောင်းပါး)

March 10th, 2010 by rome

တင်တင်ဦး-ဥရောပ မော်ဒန်ကဗျာနဲ့ မြန်မာမော်ဒန်ကဗျာဟာ
ရေးဖွဲ့ပုံစနစ်တူပါသလား။အကြောင်းအရာတွေးပုံမြင်ပုံတူပါသလား။
မောင်သင်းခိုင်-ဥရောပနဲ့ မြန်မာမတူပါဘူး။အာရှနဲ့
အနောက်ကဗျာပဲဗျာ။ကဗျာမှာလည်းခြားနားပါတယ်။ဘာသာဗေဒ
ခြားနားမှုရှိနေတော့တူဖို့ဆိုတာဝေးပါတယ်။အကြောင်းအရာတွေ
ပုံမြင်ပုံတူပါသလားဆိုတဲ့မေးခွန်းကိုဖြေရရင်ကိုဖြတ်သန်းတဲ့ခေတ်
(ကာလ)ကိုယ့်တိုင်းပြည်ရဲ့အခြေအနေတွေပေါ်မှာမူတည်လိမ့်မယ်လို့
ထင်ပါတယ်။
ဘယ်နိုင်ငံမှာပဲနေနေ အားလုံးဟာ လူသားတွေပဲ ဖြစ်နေကြတော့လူ့
အကျိုးစီးပွားအပေါ် စေတနာ မေတ္တာထားတတ်တဲ့အမြင်တွေ ၊
အတွေးတွေကတော့တူပါလိမ့်မယ်။အင်္ဂလန်သားကဗျာဆရာရှယ်လီကပိတောက်
ပန်းကိုမဖွဲ့ပါဘူး။ပထဝီ ရေမြေခြားနားမှုပါပဲ။ရှယ်လီ ပိတောက်ပန်းကိုမဖွဲ့
တာမဆန်းပါဘူး။အဲ့သလိုပဲ ကျွန်တော်တို့ကလည်း သူတို့ဆီက နှင်းပန်းကို
ကဗျာမဖွဲ့တတ်ပါဘူး။မြန်မာပီပီ ပိတောက်ပန်းကို ဦးကြော့၊ဆရာဇော်ဂျီ၊
ဆရာဒဂုန်တာရာတို့ကတော့ ရေးဖွဲ့ကြတာပဲမဟုတ်လား။
1970လောက်ကတော့ ကဗျာစာအုပ် 2 အုပ်လောက်ကျွန်တော်တို့
ဖတ်ဖူးပါတယ်။poet of today, where is vietnam ဆိုတဲ့ ကဗျာစာအုပ်
တွေပါပဲ။အမေရီကန် ၊ နိဂရိုးစတဲ့ကဗျာဆရာတွေက ဗီယက်နမ်စစ်ကို
ဆန့်ကျင်တဲ့ကဗျာတွေပေါ့။
1970ကာလဆိုတော့ ကျွန်တော်တို့မြန်မာနိုင်ငံ ကဗျာဆရာတွေကလည်း
ဗီယက်နမ်ရဲ့ ခုခံရေးစစ်ကိုထောက်ခံပြီး ကျူးကျော်စစ်ကို ဆန့်ကျင်ခဲ့ကြတာ။
အကြောင်းအရာတွေးပုံချင်း အဲ့ဒီတုန်းကတူနေတယ်လို့ ပြောရမှာပဲ။

တင်တင်ဦး-မြန်မာမော်ဒန်ကဗျာဟာ ဥရောပမော်ဒန်ကဗျာများကိုစံထားပြီးရေးပါသလား။
မောင်သင်းခိုင်-မြန်မာခေတ်ပေါ်ကဗျာဟာ မြန်မာခေတ်ပေါ်ကဗျာပါပဲ။ဥရောပကဗျာဟာ
ဥရောပကဗျာပါပဲ။ဥရောပကဗျာကိုခံစားပြီ မြန်မာကဗျာဖြစ်ပေါ်လာတာ
မဟုတ်ပါဘူး။
တင်တင်ဦး-မြန်မာမော်ဒန်ကဗျာအစစ်နဲ့ မော်ဒန်ကဗျာအတုကို ဘယ်လိုခွဲခြားသိနိုင်မလဲ။
မောင်သင်းခိုင်-မော်ဒန်အတုအစစ်ဆိုတာထက် မော်ဒန်မပီဘူးလို့ပြောရင်ပိုမှန်လိမ့်မယ်။
စုတုပြုဆိုတဲ့စကားရှိပါတယ်။တုကြတာပေါ့။ပြောရရင်တော့ မျက်ကန်း
ပုဏ္ဏားခြောက်ယောက် ဆင်ကိုစမ်းပြီး ကိုယ့်အမြင်နဲ့ကိုယ် ဝေဖန်ပိုင်းခြား
ပြီး ဆင်ဆိုတာ [...]

[အပြည့်အစုံသို့ ...]

ဆရာတော်ကြီးမျာဝက်ဆိုက် ၂

March 9th, 2010 by ukok44

show_author_image.phpသီတဂူဆရာတော်ဒေါက်တာအရှင်ဥာဏိဿရ
ဖြူးဆရာတော်ဘဒ္ဒန္တ နရပတိ

[အပြည့်အစုံသို့ ...]

ဆရာတော်ဘုရားကြီးများ၏၀က်ဆိုက်

March 9th, 2010 by ukok44

captureဓမ္မဒူတဆရာတော်ဒေါက်တာအရှင်ဆေကိန္ဒ
မဇ္စိုမဂုဏ်ရည်ဆရာတော်ဒေါက်တာကောဝိဒ

ဓမ္မဒူတဆရာတော်ဒေါက်တာအရှင်ပညိဿရ

[အပြည့်အစုံသို့ ...]

အချစ်ဆိုတာဘာလဲ

March 9th, 2010 by romence


လူတစ်ယောက်ကို မချစ်တတ်ခင်တုန်းက
ချစ်ခြင်းကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုပြီး
ချစ်သူဆိုတာကို ရှာဖွေခဲ့ဖူးတယ်…
ချစ်သူဆိုတဲ့…
ငါရှာဖွေရင်း တွေ့ရှိခဲ့တဲ့ သူတွေဘေးနား
ပျော်စရာတွေရှားပါးလို့
ရင်ခုန်သံတွေတိတ်ဆိတ်နေရင်း
အချစ်ဆိုတာဘာလဲ…
မေးခွန်းတွေသာထပ်ခဲ့တယ်
အဖြေကထွက်မလာဘူး…
ငါ့ရဲ့ဘေးကနေရာအတွက်
ရည်းစားဆိုတဲ့သူတွေ နံပါတ်စဉ်သာပြောင်းသွားတယ်
နှလုံးသားထဲက တစ်နေရာစာ
ဘယ်သူမှ တိုးဝင်မလာနိုင်ခဲ့ကြဘူး….
romence…(Bot)

[အပြည့်အစုံသို့ ...]

အထီးကျန်…

March 9th, 2010 by romence

တွေ့နေ ဆုံနေ မြင်တွေ့နေတုန်းကတော့
ပစ္စုပ္ပန် တွေက သာယာလှပလို့
ကြည်နူးပျော်ရွှင်စရာတွေက
တိတ်တဆိတ်နဲ့ တစ်ဖက်သတ်ရင်ခုန်ခဲ့သမျှ
ချစ်ခြင်းတွေ တန်ပြန်ရရှိလိုကတဲ့အခါ
ဒီကမ္ဘာ ဒီလောက
ငါ့လောက် ကြည်နူးဝမ်းသာရတဲ့သူ
ငါ့လောက် အလိုဆန္ဒပြည့်ဝခွင့်ရတဲ့သူ
ရှိမှ ရှိသေးရဲ့လားဆိုပြီး ဂုဏ်ယူလိုက်ရတာ….
ပျော်လိုက်ရတာမှ အတိုင်းမသိ….
နောင်တစ်ချိန် ကျောင်းတွေပိတ်သွားတဲ့အခါ
အလွမ်းပင်လယ်ထဲ တမ်းတခြင်းတွေပွေ့ဖက်ပြီး
အထီးကျန်စွာ လွမ်းမောရင်း
တစ်ကိုယ်တည်း စီးမျှောနေရမယ်လို့သာကြိုသိခဲ့ရင်
အနာဂါတ်ဆိုတာကို
အတိတ်ကာလကတည်းက ပစ္စုပ္ပန်ဖြစ်အောင်
ငါ…..
ဇာတ်ညွှန်းရေးခဲ့ပါတယ်….
အခုတော့…
သ..တိ..ရ..လိုက်တာ…နော်….
romence…(Bot)

[အပြည့်အစုံသို့ ...]

ချိုမြိန်တဲ့ အချစ်စစ်

March 9th, 2010 by romence

မမြင်ရတော့ တွေ့ချင်တယ်
တွေ့နေရတော့ ကြည့်ချင်တယ်
ကြည့်နေရတော့ မြင်နေရတဲ့မင်းမျက်နှာလေးက
ဘယ်တော့မှ မရိုးနိုင်အောင်
ငါ့စိတ်ကို ဖမ်းစားနိုင်လွန်းတယ်လေ…
ဘယ်လိုနေနေ လှနေသူရယ်…
မင်းနဲ့အတူ ရှိနေခွင့်ရတဲ့ အခိုက်အတန့်
ဘယ်အရာတိုင်းကမှ မင်းအနားနေခွင့်ရရှိရေးထက်
ငါ့အတွက် မလေးနက်ခဲ့ပါဘူး…
မင်းအနားနေရင်း..တစ်ချက်တစ်ချက်
တွေ့တွေ့နေရတဲ့ မင်းအပြုံးချိုချိုလေးတွေကလည်း
ငါ့ရင်ထဲအထိ…
အရာရာကိုရင်ဆိုင်ရဲတဲ့ သတ္တိတွေပေးနေသလိုပဲ…
တစ်ခါတလေ…
မင်းမျက်ဝန်းနက်နက်လေးတွေနဲ့
အကြည့်ချင်းဆုံမိတိုင်း ရင်ထဲမှာတလှပ်လှပ်နဲ့
ငါ…ရင်တွေခုန်နေမိတယ်…
အဲဒီလို အချိန်မျိုးမှာဆို
စိတ်တွေက ရွှင်ပြမြူးကြွလို့
အလိုလိုနေရင်း ပြုံးချင်ရယ်ချင်နေမိတာကို
“ကြည်နူးမှု” လို့ ဆိုမယ်ဆိုရင်
ရင်ခုန်ကြည်နူးခြင်းဆိုတဲ့ အဓိပ္ပာယ်
မင်းလေးနဲ့ကျမှ ငါတစ်ကယ်
ခံစားနားလည်တတ်ခဲ့တယ်လေ….
romence…(Bot)

[အပြည့်အစုံသို့ ...]

မင်းမှမင်းပဲ

March 9th, 2010 by romence

မင်းမလာတော့ မျှော်လင့်
ရောက်လာတော့ ပျော်ရင်း
မနက်..ဖယ်ရီစောင့်နေချိန်တိုင်း
မျှော်လင့်ရင်း ပျော်တတ်ခဲ့ပြီ…
မြင်နေရ ကြည့်ခွင့်ရနေသလို
တွေ့တဲ့အခါ ခိုးခိုးငေးရင်း
မင်းကိုမမြင်ရတဲ့အခါ
စိတ်တွေက ပူလောင်မွန်းကြပ်လို့
ဖယ်ရီစီးနေတဲ့ အချိန်ခဏ
သက်ပြင်းတွေ အခါခါ ချနေမိတယ်…
ကျောင်းရောက်လို့ ကိုယ်စီလမ်းခွဲတဲ့အခါ
မင်း အပြုံးတွေ ငါ့အနားကဖယ်ခွါ
မင်းအသံလေး ငါ့အနားကရှောင်ပြေး
မင်းမျက်ဝန်းနက်နက်လေးတွေကို
နှမျှောတသ စွာ ကျောခိုင်းသွားရတာ
ရင်ထဲမှာဟာတာတာနဲ့
တစ်ကယ် ခံစားရခက်လိုက်တာ…
အဆောင်ပေါ်မှာလည်းမျှော်
Canteen… ထိုင်လည်းတမ်းတ
ဆန္ဒတွေစောစွာ တမ်းတလို့ မျှော်နေမိတာ
ဖယ်ရီထွက်မယ့် အချိန်ကိုပါ…
တစ်နေကုန် လွမ်းမောရလွန်းလို့
နွမ်းနှယ်နေတဲ့ငါ့စိတ်ကို
မင်းအသံလေးက လန်းဆန်းစေတယ်…
ပူလောင်နေတဲ့ငါ့ရင်ကို
မင်းမျက်နှာလေးက အေးချမ်းစေတယ်…
မင်းအပြုံးလေးက စိတ်အစဉ်ကိုချမ်းမြေ့စေပြီး
မင်းမျက်ဝန်းနက်နက်လေးတွေက
ရင်ထဲက ချစ်ခြင်းတွေကို ရှင်သန်ကြီးထွားစေတယ်လေ….

[အပြည့်အစုံသို့ ...]