Myanmar Community Site

Welcome Guest Login or Signup | PUBLIC CHAT ROOMS | PRIVATE VIDEO CHAT | BOOKMARK
 
BLOGS   WRITE NEW BLOG   EDIT BLOGS  
 
RSS
မြတ်ဗုဒ္ဒ၏ သွားဒေသနာေ တာ်
Posted On 07/03/2009 04:53:23

သုံးလောကထွဋ္ဋ်ထား သဗ္ဗေညု မြတ်စွာဘုရားရှင်သည် ၄၅ ၀ါပတ်လုံး လူနတ်ဗြဟ္မာ သတ္တ၀ါတို.အား တရားရေအေး တိုက်ကျွေးခဲ့ပါတယ်။နိဗ္ဗာန်ရောက်ကြောင်းလောကုတ္တရာ၊အကျိုးစိးပွားများသာမက၊အသက်ရှည်ရာအနာမဲ့ကြောင်း၊ကြီးပွားတိုးတက်ရာတိုးတက်ကြောင်း လောကီအကျိုးစီးပွားများအတွ က်လည်းဟောကြားတော်မူခဲ့ပါသ ည်။ ယင်းသို.ဟောကြားတော်မူခဲ့သော တရားတော်များတွင် မင်္ဂလသုတ်၊ သိဂါင်္လောဝါဒသုတ်၊ သမ္ပဒါတရား(၄)ပါး စသည်တို.သည် အထူးကျော်ကြားခဲ့ကြပါသည်။
ထိုနည်းတူ အင်္ဂုတ္တိုလ် ပါဠိတော် ပဉ္စကနိပါတ်တွင် ပါရှိသော အသက်ရှည်ခြင်းနှင့် အသက်တိုခြင်း၊ အကြာင်းတရားများ၊ အစားအသောက်၌ အတိုင်းအရှည်ကို သိရခြင်း၊ အကျိုးးတရားများ၊ ယာဂုဆန်ပြုတ်သောက်ရခြင်း အကျိုးးတရားများ၊ လမ်းလျှောက်ခြင်း၏ အကျိုးးတရားများ စသည်တို.မှာ ကျန်းမာရေးအတွက် အလွန်ပင် အကျိုးရှိလှသော တရားတော်များ ဖြစ်ပါသည်။
ယင်းသို. ကျန်းမာရေးအတွက် အဖက်ဖက်မှာ ပြည့်စုံရန် ဟောကြားခဲ့သော တရားတော်များအနက် သွားတိုက်ခြင်း(၀ါ) တံပူစားခြင်း၏ အကျိုးတရား ငါးပါးကို သွားဘက်ဆိုင်ရာ ဆေးပညာရှင်များနှင့် ပြည်သူလူထု အားလုံးသိရှိ မှတ်သားထားလျှင် အကျိုးရှိမည်ဟု ထင်မြင်မိပါတယ်။ ယင်း အကျိုးတရား ငါးပါးကို ဦးခင်မောင်ဝင်း၏ “ ဗုဒ္ဓ၏ လူမှုရေးတရားတော်များ” စာအုပ်တွင် အောက်ပါအတိုင်း ဖော်ပြထားသည်ကို မှတ်သားသိရှိရပေသည်။

ယင်းတို.မှာ-
၁။ မျက်စိကြည်လင်၏
၂။ ခံတွင်းအနံ.ကောင်း၏
၃။ အရသာကိုဆောင်တတ်သောအကြောတို. စင်ကြယ်ကုန်၏။
၎။ သည်းခြေသလိပ်တို.သည် အစာကို မမှေးယှက်။
၅။ ထိုတံပူစားသူအား ထမင်းမြိန်စေ၏ ဟူ၍ ဖြစ်ပါသည်။

ထိုကဲ့သို. လောကီလောကုတ္တရာ နှစ်ဖြာသောအကျိုးစီးပွားအတွက် ဟောပြောညွန်ပြခဲ့သော မြတ်စွာဘုရားရှင်၏ ကျေးဇူးတော်အနတ္တအားရည်မှန်း၍ နည်းမျိုးစုံဖြင့် ရှိခိုးကော်ရော် ပူဇော်ဦးခိုက်ကြပါသည်။ယင်းသို.အမျိုးမျိုး ရှိခိုးပူဇော်ဦးခိုက်ကြရာ တွင် ဘုရားရှင်၏ လက္ခဏာတော်ကြီး ၃၂ ဖြာအား ရည်မှန်း၍ ရှိခိုးပူဇော်သော ကန်တော့ခန်းသည်လည်း လွန်စွာ ကျော်ကြားလှပါသည်။ မြတ်စွာဘုရားရှင်၏ ထူးခြားအံ့ချီးဖွယ် လက္ခဏာတော်ကြီး ၃၂ဖြာတွင်ဘုရားရှင်၏သွားတော်များနှင့်ပက်သက်၍၀ံသာနုဦးပြိုင်၏ဘုရားရှိခိုး အမျိုးမျိုးစာအုပ်တွင် အောက်ဖော်ပြပါအတိုင်း တွေ.ရှိမှတ်သားရပါသည်။

ဝတ္တလီသ သမဒန္တ=အထက်နှစ်ဆယ်၊အောက်နှဠ…ယဆယယ အမျှလေးဆယ်သော သွားတော်လည်း ရှိတော်မူ၏
သမကလပနဇော=ခရုသင်းပွတ်သစ်ကဠ˛á€ˇá€žá€­á€Ż. သန်.ရှင်းဖြူစင်စွာ ညီညွတ်သော သွားတော်လည်း ရှိတော်မူ၏
အ၀ိရဋ္ဋဒန္တော= မခေါမကျဲ ရွဲစီဘိသကဲ့သို. ညီညွတ်သော သွားတော်လည်း ရှိတော်မူ၏
သဒါတဒါဋ္ဌော= ပွတ်သစ်သော ခရုသင်းကဲ့သို.ဖြူစင်စွာသော လေးချောင်းသော စွယ်တော်လည်း ရှိတော်မူ၏

မြတ်စွာဘုရားရှင်တွင် အထက်နှစ်ဆယ်၊ အောက်နှစ်ဆယ် စုစုပေါင်း သွားတော် အချောင်းလေးဆယ်ရှိသည့်အနက် စွယ်တော်လေးချောင်းမှာ ကြီးမားဖွံထွား၍ ထင်ရှားသည်ဟု သိရှိရပေသည်။သွားခေါခြင်း၊ သွားထပ်ခြင်း၊ သွားကျဲခြင်းမရှိပဲ သွားများညီညာစွာတည်ရှိနေပြီး သွားတော်များ၏ အရောင်များမှာလည်း ခရုသင်းပွတ်ကဲ့သို. သန်.ရှင်းဖြူစင်စွာလည်း တည်ရှိနေပေသည်။ မုသာဝါဒမှကင်းလွတ်ခြင်း၏ လက္ခဏာတော်များဟုလည်း တစ်နည်းအားဖြင့် မှတ်သားရပါသည်။မုသာဝါဒ ကျုးလွန်သူများသည်
(၁)á€žá€źá€Źá€¸á€™á€şá€Źá€¸á€™á€Šá€Žá€™á€Šá€źá€á€šá€›á€˝á€­á€ťá€á€„á€šá €¸
(၂)á€žá€źá€Źá€¸á€™á€şá€Źá€¸á€™á€Šá€Žá€™á€Šá€źá€á€šá€›á€˝á€­á€ťá€á€„á€šá €¸
(၃)အာပုတ်နံ. နံစော်ခြင်း
(၄)အသားအရေ စိုစိုပြေပြေ မရှိခြင်း
(၅)မျက်စိ၊နား စ သော ဣနြေ္ဒများနောက်ကျုကျုရှိခြ င်း
(၆)ကိုယ်ဟန်ပုံပန်း ချွတ်ယွင်းခြင်း
(၇)သူတစ်ပါးအပေါ်၌ သြဇာအာဏာမတည်ခြင်း၊
(၈)á‚á‚ˆá€á€šá€œá€˝á€şá€Źá€Ąá€ąá€ťá€•á€Źážá€€á€™á€šá€¸á€á€™á€šá€¸á€ťá €á€„ယး
(၉)လျှပ်ပေါ်လော်လီ မတည်ကြည်ခြင်း စသည့်အပြစ်များ ခံစားရကြောင်း ဟောကြားတော်မူခဲ့သည်ကို တွေ.ရှိရပါသည်။

မြတ်စွာဘုရား၏ စွယ်တော်မြတ်လေးဆူသည် ဘုရားရှင်၏ အဓိဋ္ဌာန်ဖြင့် မပျက်မစီးကြွင်းကျန်ရစ်သော ဓာတ်တော် (၇)ဆူတွင် ပါဝင်ပါသည်။ ယင်းစွယ်တော် လေးဆူအနက်လက်ယာဘက်အထက် စွယ်တော်မှာနတ်ပြည်တွင်လည်းကောင်း၊ လက်ယာဘက် အောက်စွယ်တော်မှာ နဂါးပြည်တွင်လည်းကောင်း စေတီတည်ထားကိုးကွယ်ကြောင်း သိရှိရပါသည်။ လက်ဝဲဘက်အထက်စွယ်တော်မှာ တရုတ်ပြည်တွင်လည်းကောင်း၊ လက်ဝဲဘက်အောက်စွယ်တော်မှာ သီဟိုဠ်ကျွန်းတွင်လည်းကောင်း စေတီတည်ထားကိုးကွယ်ထားကြော င်း သိရှိရပါသည်။

ဘုရားရှင်၏ စွယ်တော်လေးဆူကို ရည်မှန်း၍ ရှိခိုးပူဇော်သော ဂါထာတော်မှာ-
“တာဝတိံသေဧကာဒါဋ္ဌာ
ဧကာဘုဇဂပူရကေ
ဂန္ဓာရေဒန္တပူရမီ
တာဝိန္ဒာမိဓာတုယော” ဟူ၍ဖြစ်ပါသည်။

ဧကာဒါဋ္ဌာ =အထက်လက်ယာ စွယ်တော် ဓာတ်တစ်ဆူသည်၊ တာဝတိံသေ = တာဝတိံတာ နတ်ပြည်၌ ၊ တိဋ္ဌာတိ =တည်နေကိန်းဝပ်တော်မူ၏
ဧကာဒါဋ္ဌာ =အောက်လက်ယာ စွယ်တော် ဓာတ်တစ်ဆူသည်၊ ဘုဇဂပူရကေ =နဂါးပြည်၌ တိဋ္ဌာတိ =တည်နေကိန်းဝပ်တော်မူ၏
ဂန္ဓာရေ =ဂန္ဓာရတိုင်း(တရုတ်ပြည်သူ.သမ္မတ နိုင်ငံ) ၌၊ တိဋ္ဌာတိ =တည်နေကိန်းဝပ်တော်မူ၏
ဒန္တပူရမီ =ကလိင်္ဂတိုင်း ဒန္တပူပြည် (သိရိလင်္ကာနိုင်ငံ)၌၊ တိဋ္ဌာတိ =တည်နေကိန်းဝပ်တော်မူ၏
တာဝိဓာတုယော =ထိုတိုင်းပြည်နိုင်ငံ ဒေသ တိုင်းဋ္ဌာန၌ ၊ တည်နေကိန်းဝပ်တော်မူသော စွယ်တော်လေးဆူတို.ကို၊ အဟံ = အကျွန်နုပ်သည်၊ ၀န္တာမိ= ဦီးခေါင်း ညွတ်ကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။

ထိုနည်းတူ ဘုရားရှင်၏ မျက်လုံးတော်ကို ရည်စူး၍ ရှိခိုးသောဂါထာ၊ သွားတော်လေးဆယ်ကို ရည်စူး၍ ရှိခိုးသော ဂါထာတော်များကို ရှေးက ဆရာတော် ပညာရှိကြီးများက ရေးသားတော်မူခဲ့ကြပါသည်။ မျက်လုံးတော်ကို ရည်စူး၍ ရှိခိုးသောဂါထာတော် မှာ လူသိများသည့်နည်းတူ သွားတော်လေးဆယ်ကို ရည်စူး၍ ရှိခိုးသော ဂါထာတော်ကိုလည်း အထူးသဖြင့် သွားဘက်ဆိုင်ရာဆေးပညာရှင်များနှင့် သွားရောဂါဝေဒနာရှင်များ ကျက်မှတ်၍ပူဇော်နိုင်ကြခြင်းငှာ အောက်ဖော်ပြပါအတိုင်း ဖော်ပြအပ်ပါသည်။

သွားတော်လေးဆယ်ဘုရားရှိခိုး
သတိ ဂတိ ဓိတိ မန္တံ၊
သန္တံ ဒန္တံ တထာဂတံ။
စတ္တာလိသ သမာဒန္တံ၊
သမ္ဗုဒ္ဓံ ပနမာမဟံ။

သတိမန္တံ- ရှေရှေးသောဘ၀များစွာ သံသရာ၌ နေခဲ့ဖူး ဖြစ်ခဲ့ဖူးသော အကြောင်းအရာတို.ကို ပြန်လည် အောက်မေ့ခြင်းငှာ စွမ်းနိုင်သော သတိလည်း ရှိတော်မူပေထသော.....
ဂတိမန္တံ - နိဗ္ဗာန်တည်းဟူသော လားရာလည်း ရှိတော်မူပေထသော......
ဓိတိမန္တံ- တည်တံ.ခိုင်မြဲသော သွားတော်လည်း ရှိတော်မူပေထသော.....
တထာဂတံ- ရှေးဘုရားသခင် အရှင်မြတ်ကြီးများကဲ့သို. ပွင့်ထွန်းပေါ်ကာ ကြွလာခြင်း ကောင်းတော်မူပေထသော....
စတ္တာလီသသမဓန္တံ- ညီညွတ်စမွယ် တင့်တယ်သော သွားတော်လေးဆယ်လည်းရှိတော် မူပေထသော......
သမ္ဗုဒ္ဓံ- ငါးတန်ဥေယျ ဓမ္မအလုံးစုံ တရားပုံကိုအကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရားကို
အဟံ- ခန္ဓာငါးခု ငါဟုထင်မှား တပည့်သားသည်
ပနမာမိ- သုံးလီစေတနာသုံးဖြာ ဒွာရပဏာမဖြင့် ကြည်စွာ သဒ္ဓါ ဦးညွှတ်ရှိခိုးပါ၏ အရှင်ဘုရား။

နိဂုံးချုပ်အားဖြင့် တင်ပြလိုသည်မှာ (၃၂) ကောဋ္ဌာသ ကမ္မဋ္ဌာန်းတွင် ကေသာ၊လောမာ၊ နခါ၊ဒန္တာ၊ တစော စသည်ဖြင့် ဒန္တာ(သွား)သည် တစ်ပါးအပါအ၀င် ဖြစ်သောကြောင့် ၎င်းခန္တာကိုယ်အစိတ်အပိုင်းပေါ် တွင် ၀ိပဿနာရှုပွားနိုင်ပါလျှင်လ ည်း အရဟတ္တ မဂ် ဉာဏ်ဖိုလ်ဉာဏ် ရရှိနိုင်ပါသည်။ ယင်းသို.ရရှိနိုင်ကြောင်းကို ၀ိသုဓ္ဒိမဂ် တွင်ပါရှိသော မဟာတိဿမထေရ် ဇာတ်ကြောင်းက သက်သေခံလျှက်ရှိပါသည်။

အခါတစ်ပါး၌ စေတီတော်၌ သီတင်းသုံးတော်မူသော မဟာတိဿမထေရ် အမည်ရှိ ရဟန်းတစ်ပါးသည် အနုရာဓမြို.သို. ဆွမ်းခံဝင်စဉ် တခိခိရယ်သော အသံကို ကြားရသဖြင့် လှည့်ကြည့်ရာ မိန်းမငယ်တစ်ဦး သွားပေါ်အောင်ရယ်နေသည်ကို တွေ.ရှိရပါသည်။ထိုအခါရဟန်းသည် ” ငါယခု မြင်ရသော အာရုံကား သွားရိုး၊ အရိုးစု၊ စက်ဆုပ်ဖွယ်ဟု လက်ကိုင်နှလုံးသွင်းအတိုင်း၊ ဟုတ်တိုင်းမှန်စွာ ၀ိပဿနာရှုလေရာ အရဟတ္တမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိပြီး ရဟန္တာ ဖြစ်သွားတော်မူပါသည်။

ဤကဲ့သို. မြတ်ဗုဒ္ဓ၏ သာသနာတော်သုံးရပ်စလုံးတွင် အကျုံးဝင်လျှက် ရှိသော သွားဒေသနာတော်များကို လေ့လာကျင့်ကြံပွားများ အားထုထ်ကြခြင်းဖြင့် လိုရာဆန္ဒ ပြည့်ဝနိုင်ကြပါစေသတည်း.....။

(ဤဆောင်ပါးဖြစ်မြောက်ရေးအတဠźá€€á€š သြ၀ါဒပေး လမ်းညွှန်တော်မူခဲ့ကြသော နိုင်ငံတော် ပရယတ္တိ သာသနာ့တက္ကသိုလ်မှ နာယကချုပ် ဆရာတော်များ ဖြစ်ကြသည့် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍိတနှင့် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ၀စ္ဏိတ၊ဆရာကြီး ဦးဝင်းကြိုင်တို.အား လည်းကောင်း၊သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ပါမောက္ခ ချုပ်(ငြိမ်း) ဒေါက်တာ ဦးဋ္ဌေးဆောင်၊ သွားတုဆေးပညာ ဋ္ဌာနမှူး (ငြိမ်း) ပါမောက္ခ ဒေါက်တာ ဦးခင်မောင်လတ်တို.အားလည်းကောင်း ကျေးဇူးတင်ရှိပါကြောင်း ရိုသေစွာ ဂါရ၀ဖြင် ရှိခိုးကန်တော့အပ်ပါသည်။

ဒေါက်တာသိန်းကြူ

တပည့်အပေါင်းအား စိတ်ရှည်သည်းခံကာ ပညာသင်ကြားပေးခဲ့သော အသိအမြင်တိုးပွားဖွယ်ရာ ဗဟုသုတများ ပြောဆိုဆုံးမတတ်သော ဆရာ အား ရိုသေလေးစားစွာ ရှိခိုးကန်တော့အပ်ပါသည်။
သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၂၀၀၄ မှကူးယူဖော်ပြထားခြင်းဖြစ် ပါသည်။

 

blog တစ်ခုမှာတွေ.တာနဲ. sharing လုပ်ထားတာပါ။

Here is the link

Tags: Buddhist



Bookmark:



Copyright © 2008 MyanmarSpace.com. All rights reserved.