VIEW FULL VERSION: Link
Subject: ကိုယ့်အနွံတာခံမယ်ဆိုတဲ့ မိန်းခလေးရေ
Content: ကိုယ့်အနွံတာခံမယ်ဆိုတဲ့ မိန်းခလေးရေ ခဏလေးဂရုမစိုက်မိတာနဲ့ နောက်တစ်ယောက်ကို အဖြေပေးသတဲ့လားကွယ်။ ကိုယ့်ကိုအရွဲ့တိုက်တာပါတဲ့ အဖြေကချိုလှပေမယ့် ကိုယ့်မှာနာကျင်မိုးမြေမဆုံး။ အခုပဲဖြတ်လိုက်မယ်တဲ့ မင်းတို့ခေတ်ရဲ့ စီးတဲ့အလျင်မှာ ကိုယ်ကကျန်ခဲ့တာလား အဲသလောက်လွယ်သလား ခလေးရယ်။ ချစ်သူ=ရန်သူတဲ့ ကိုယ်ကအဝေးကြီး လှမ်းကြည့်နေမိတာ အနီးဆုံးကိုယ့်နံဘေးကနေ အရှိုက်ကို အထိုးခံလိုက်ရတော့ ကိုယ့်မှာအသက်ရှူချိန်တောင် မရလိုက်ပါလားကွယ်။ ကိုယ့်ကို သည်းညဉ်းခံမယ်ဆိုတဲ့ မိန်းခလေးရေ ကိုယ်မှားခဲ့တာ မှန်ပေမယ့် အဲဒီ့အပြစ်ဒဏ်ကတော့ လေးလွန်းပါတယ်ကွယ်။ ။