ခေါင်းစဉ်: poem(နားလေးစွ့်ထားပေးပ )
Tags: own creation
Blog Entry: နားလေးစွင့်ထားပေးပါ မျှော်ရသူ အဲ့ဒီညကကိုယ့်ကိုလေ လရောင်ဟာသစ်ရွက်တွေကြားကနေ ခိုးခိုးပြီးနမ်းတယ် မီးပုံလေးဘေးမှာကိုတစ်ယောက်ထဲပါပဲ။ မျှော်ရသူ အဲ့ဒီညကလေသိလား မင်းကို လမင်းလေးထဲမှာတွေ့လိုက်တယ် မီးတောက်လေးဟာအထီးကျန်တောက်လောင်ဆဲပါ။ မျှော်ရသူ အဲ့ဒီညမှာ နှင်းမှုန်လေးတွေကမင်းကိုအရမ်းသတိရစေတယ် ကိုယ့်နှလုံးဟာ စည်းချက်မညီတဲ့သံစဉ်ကို တီးခတ်နေခဲ့တယ်။ မျှော်ရသူ ဘယ်ဆီကိုများရောက်နေလဲ ကိုဟာတစ်ယောက်တည်း ပုလင်းလေးကိုအဖော်ပြုခဲ့တယ်။ ရောက်မလာမှန်းသိပေမယ့်မျှော်နေမိပေါ့။ မျှော်ရသူ မင်းကိုသတိရနေတဲ့အကြောင်းတွေ ဂစ်တာလေးကိုပြောနေမိတယ်။ ကိုသီဆိုလိုက်တဲ့သံစဉ်လေးကို မျှော်ရသူကြားနိုင်ပါစေ။ နိုင်
VIEW FULL VERSION: Link